အရေးကြီး ဆုံးက အရေးကြီးသည် ( Henry Aung )

2 months ago
1 Min Read
178 Words

001.jpeg

မင်္ဂလာပါ။ ယခုတလော အလုပ်ရှုပ်သည်ကတော့ မပြောပါနှင့်တော့ ဆိုသည့် အထဲကဖြစ်ပါသည်။ Hive update ဖြစ်သည့် အကြောင်းကလည်း ရေးချင် အခြားသော Cryptocurrency အကြောင်းအရာများအားလည်း ရေးချင် အလုပ်ကလည်း များ ဆိုတော့ ။

ကျွန်တော့ မိခင် ကျန်းမာရေးနှင့် ပတ်သက်၍ ဆုတောင်း ပေးကြသော မိတ်ဆွေအားလုံး ကိုလည်းကျေး ဇူးတင်ပါသည်။ ကျွန်တော့ မိခင်လည်း အတော် အတန် နေကောင်းလာပြီ ဖြစ်ပါသည်။ သို့သော် ကျောက်ကပ်ဆေးနေရသော လူနာ ဖြစ်သည့် အတိုင်း ဆေးရုံ ဆေးခန်း နှင့်လည်း မကင်းနိုင်သေးပါ။

ယခုတလော Covid ကလည်း တကြော့ ပြန် အားကောင်း လာပြန်ပြီ ဆိုတော့ အပြင်ထွက်ရသည်မှာ အထူးသဖြင့် လူသူ ထူထပ်သော နေရာ ဖြစ်သည့် ဆေးရုံ ဆေးခန်းသွားရသည်မှာ စိတ်မောစရာ ကောင်းလှပါသည်။ မိမိအတွက် စိတ်ပူရ အခြားသူများ အတွက်လည်း စိတ်ပူရ ။ တိုင်းရေးပြည်ရေးကလည်း ကလည်း တမောင့် ။

ကျွန်တော့ မှာ လိုအပ်သည့်နေရာ လိုရာခရီး ရောက်ဖို့ အရေး မည်သည့်နေရာတွင် ဘာဖြစ်နေသည် မည်သည့်နေရာတွင် လမ်းပိတ် ထားသည် မည်သည့် နေရာတော့ဖြင့် ဘာဖြစ်နေသည်ဆိုသည်ကို အရင် စနည်းနာရပါသည်။ သွားရလာရသည်မှာလည်း တောင်ကြည့်လိုက် မြောက်ကြည့်လိုက်ဖြင့် သွားလာနေရပါသည်။ ရှိစေတော့။

ဤကာလမျိုးတွင် စိတ်ပျက်စရာများအား မရေးသားလိုတော့ပါ။ လူတိုင်း သူ့အပူနှင့် သူဆိုတော့ ပိုက်ဆံရနိုင်သည့် အကြောင်း သာ ပြောကြပါဆို့။ အခြားမဟုတ်ပါ။ စင်္ကပူ ထီထိုးကြရန် ဖြစ်ပါသည်။ စလုံးထီ စုပေါင်း ထိုးလိုသူများ Hive Myanmar CB တွင် ဝင်ရောက် စုံစမ်းနိုင်ပါသည်။

လက်ရှိ စလုံး ထီ တစောင်လျင် SGD 3$ ဖြစ်ရာ Hive ဖြင့် တွက်လျင် လက်ရှိဈေးဖြင့် 7.5 Hive ဈေးပေါက်ပါသည်။ ကျွန်တော်ကတော့ ၃ စောင် ကံစမ်းထားဖို့ ရည်ရွယ်ထားပါသည်။ ပါဝင်လိုသည့် လူဦးရေ အပေါ်မူတည်၍ ပေးပို့ရမည့် Hive ကို CB တွင် ဖေါ်ပြပေးပါမည်။

ယခုအချိန်တွင် လိုအပ်လျင် ကောက်ရိုး တမျှင်လည်း မိမိတို့ အတွက် အားဆေး ဖြစ်ပါသည်။ မိတ်ဆွေ ၏ အိတ်ထဲမှ ပိုက်ဆံ ထုတ်ယူရန် မလိုပါ ။ မိတ်ဆွေ စုထားသော Hive ဖြင့် ကံစမ်း နိုင်ပြီ ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

Henry Aung ( Kachin )

03/07/2021 - Saturday - 17;50 Pm