မင်္ဂလာပါ။ နည်းနည်း နေကောင်းလာပြီဆိုတော့ Computer ရှေ့ရောက်ကာ ဟိုကလိဒီကလိ ကလိရပြန်ပါပြီ။ လက်ရှိ အချိန်တွင် အိမ်တွင် ငြိမ်ငြိမ်လေး နေကာ ကွန်ပြူတာကလိနေရသည်က အကောင်း ဆုံး ဖြစ်မည်ဟုထင်ပါသည်။
Cryptocurrency ဘက်ဦးတည် ကာကြည့်ပြန်တော့လည်း မိမိတွင် စာရေးရန် အတွက် Hive Power အချို့သာ ရှိပြီး အခြားသော Cryptocurrency များ လောက်လောက်လားလားမရှိပါ။ HBD မှ အတိုးရသည်ဟူ၍ Saving အတွင်းထည့်ထားသော်လည်း လစဉ် ရသည့် အတိုးက ကလေးကစားစရာ သာသာ ဖြစ်လို့နေပါတော့သည်။ မတတ်နိုင်။
HBD အားလည်း မူးစုပဲ စု စုရတော့မည် ဖြစ်ပါသည်။ HBD စုထားသူ အခြားတယောက်ကတော့ HBD 500$ စုထားရုံမျှဖြင့် တလလျင် အတိုး 3 HBD ရသည်ကို တွေ့ရပါသည်။ HBD 50000$ ခန့် ထည့်ထားနိုင်လျင်တော့မဆိုးပါ။ လစဉ် ဒေါ်လာ ၃၀၀ ခန့် အတိုးထုတ်စား၍ ရနိုင်ပါသည်။
သို့သော် HBD 50000 အတွက်အရင်းအနှီကာ ဘယ်ကရနိုင်မည်းနည်း။ ပိုက်ဆံကိုရင်းကာ ပိုက်ဆံထုတ်ယူရသော ခေတ်ဖြစ်သဖြင့် Cryptocurrency ကလာသော ပိုက်ဆံ Cryptocurrency ဖြင့်သာ ရှာယူရမည် ဖြစ်ပါသည်။ လောလောဆယ်တော့ ရရှိထားသော လေပြုတ်ကျများ ဈေးကွက်ဖွင့်မည့်နေရာ လိုက်ရှာကြည့်ရပါအုံးမည်။
အမှန်တော့ ကျွန်တော်တို့ စာရေးခြင်းအလုပ်အား နေ့စဉ် ရက်မပျက် ပုံမှန်လုပ်နေလျင် မိမိတို့ အတွက် နေ့စဉ် ပုံမှန်ဝင်ငွေ သေးသေးလေးတခုရနေသည်ကတော့ သေချာပါသည်။ ကျွန်တော်လည်း မတတ်သာလွန်း၍သာ စာရေးခြင်းကို ရပ်နားထားခဲ့ရသည်။
Hive platform အား နေ့စဉ် သတိရပါသည်။ စာရေးခြင်းဖြင့် မူးစုပဲစု စုနေသူ ဖြစ်သည့် အတိုင်း တရက် ဆိုလျင်လ ည်း တရက် ဆိုသလောက် သိသာပါသည်။ တပတ်ဆိုလျင် အတော်လေး နောက်ကျ နေပြီ ဖြစ်ပါသည်။ ရှိစေတော့။ ကျန်းမာရေး ကိစ္စဆိုတော့လည်း မတတ်နိုင်။ အသက်ရှင်ရေးက ပို၍ အရေးကြီးနေသည်မဟုတ်လား။
ကျွန်တော်တို့ကလည်း Hive platform လေးတခု ရထား၍သာ တော်ပေသေးသည်။ ယခုလိုကာလမျိုးတွင် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ။ Hive platform ပေါ်သို့ စာရေးတင်၍ Cryptocurrency ရနိုင်သော လမ်းကြောင်း တခုရှိနေ၍သာ တော်ပေသေးသည်။
မဟုတ်လျင် ဖွဘုတ်လေး ပွတ်လိုက် စိတ်ဆင်းရဲစရာများ ကြည့်လိုက် စိတ်ဓာတ် များ အဝီစိ အထိကျဆင်းသွားလိုက် ကိုဗစ် ဖြစ်ချင်လာသယောင်ယောင် ဖြစ်လိုက်နှင့် လုံးခြာလည် လိုက်နေမည် ဖြစ်ပါသည်။
မည်သို့ပင် ဆိုစေ ကျွန်တော့ မိတ်ဆွေများကလည်း ဤကာလမျိုးတွင် စိတ်ပျက်အားလျော့ စရာများ မတွေးတောပဲ မိမိကိုယ်ကို ကျန်းမာနေစေရန် ဂရုစိုက် ကာ အချိန်ရသည်နှင့် Hive platform ပေါ်တွင် စာရေ post တင်ကာ Cryptocurrency များ ရသလောက် စုထားကြပါမည့်အကြောင်း တိုက်တွန်းလိုက်ရပါသည်။
Henry Aung ( Kachin )
23/07/2021 - Friday - 09;45 Am