ကျွန်တော်စိတ်ဝင်စားသော Splinterland Airdrop ( Henry Aung )
မင်္ဂလာပါ။ ဒီနေ့ကတော့ အလုပ်မအားသည့်ကြားမှာ ကျွန်တော် လေ့လာမိသော Splinterland အကြောင်း အနည်းငယ် ဖေါ်ပြလိုပါသည်။ Splinterland သည် Hive Platform ၏ အစောဆုံး Game ဟုဆိုနိုင်ပါသည်။
အဘယ့်ကြောင့် ဆိုသော် Splinterland game သည် Steemit မှ Hive ခွဲမထွက်မှီ ရှိနေပြီးသော game ဖြစ်ပါသည်။ Splinterland game ၏ ကောင်းကွက်တခုမှာ Steemit နှင့် Hive အကွဲအပြဲတွင် သူ့အနေဖြင့် မည်သည့်ဘက်မှ မလိုက်ပဲ အလယ်တွင် ခွထိုင်ကာ Community နှစ်ခုစလုံး၏ Gamer များအား ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ရှိစေတော့ ဤသည်မှာ ကျွန်တော်သိသလောက် Splinterland ဖြစ်ပါသည်။
Gaming အား စိတ်မဝင်စားသော ကျွန်တော့ အနေဖြင့် အဘယ့်ကြောင့် Splinterland အကြောင်း ရေးရပါသနည်းဆိုသော် လွန်ခဲ့သော ရက်အနည်းငယ်က ကျွန်တော်တို့၏ Gamer ကြီးတယောက် ဖြစ်သော @domelay မှ ကျွန်တော်တို့ Chat Group တွင် ဗုံးတလုံး ဖေါက်ခွဲခဲ့ပါသည်။
ထိုအကြောင်းအရာမှာ Game လည်း ကစား ဝင်ငွေလည်း ရ အတိုးလည်းရ ဟူ သော Splinterland အကြောင်း ဖြစ်ပါသည်။ ထိုမတိုင်ခင်ကတော့ SPS များ အတော်ဈေးကောင်းလာကြသည်ကို အားလုံး အသိဖြစ်၍ ကျွန်တော့ အနေဖြင့်လည်း Hive ၏ Splinterland အောင်မြင်လာသည် ဟူ၍သာ သဘောထားခဲ့ပါသည်။
ဤကဲ့သို့ @domelay ၏ သတင်းစကားကြောင့် Splinterland အား ထဲထဲဝင်ဝင် လေ့လာရန် အကြောင်း ဖြစ်လာပါတော့သည်။ တကယ်တော့ ကျွန်တော့အနေဖြင့် Card Game ကို စိတ်ဝင်စားခြင်း မဟုတ်ပါ။ Airdrop ဟူသော အရာအား စိတ်ဝင်စားခြင်း ဖြစ်ပါသည်။ မိတ်ဆွေတို့ သိသည့် အတိုင်း Airdrop ဟေ့ ဆိုလျင် နောက်မကျ စေရန် အရောက်သွားရန်မှာ မိမိတာဝန်သာ ဖြစ်ပါသည်။
ဆိုခဲ့သည့် အတိုင်း Splinterland airdrop အကောင့်သို့ ရောက်ပြီ ဆိုကြပါစို့။ ဤ Airdrop ၏ သဘောတရားမှာ ( ကျွန်တော်နားလည်သလောက် ) Splinterland မှ ထုတ်သော ရတနာများ ကဒ်များအား ဝယ်ယူ ထားရုံမျှဖြင့် SPS airdrop ရနိုင်ခြင်း ဖြစ်ပါသည်။
ဆိုရလျင် ကျွန်တော်လည်း ဘာရယ်မဟုတ် Splinterland ၏ DEC အား Leofinance မှ ရသော Leo အတိုး ငွေယားလေးဖြင့် ဝယ်ထားမိခဲ့ရာ ကျွန်တော်လည်း ဤ Airdrop အား ရပါမည်လားဟုမျှော်လင့်မိခဲ့ပါသည်။ ဟုတ်ကဲ့ Gamer ကြီးများ၏ လမ်းညွန်မှုကြောင့် Splinterland airdrop အကောင့်သို့ ဝင်ရောက်ခဲ့ရ၍ airdrop အား Claim လုပ်ယူနိုင်ခဲ့ပါသည်။
ဤတွင် ကျွန်တော့ ဝါသနာအတိုင်း အနည်းငယ် မွှေနှောက်လိုက်ရ ကလိလိုက်ရမှ ကျေနပ်သည် ဖြစ်ရာ DEC ဝယ်ထားမှ airdrop ရသည်လား ဟူ၍ လျှာရှည်ကြည့ ်ရာ မဟုတ်ပါ Splinterland မှ ထုတ်သော အခြားသော ရတနာ / ကဒ် များ ဝယ်ထားရုံမျှ ဖြင့်လည်း Airdrop ရနိုင်ကြောင်း သိရပါတော့သည်။
ဆိုတော့ Airdrop ပိုရစေရန် Splinterland မှ ထုတ်သော ကဒ်များအားလည်း ဝယ်ယူရန် ကြိုးစားရပါတော့သည်။ ပထမဆုံး ကြည့်မိသည်မှာ PLOT ။ ဝယ်ယူရန် ဈေးနှုန်းကြည့်လိုက်တော့ သောက်ကျိုးနည်း 1 PLOT လျင် 925 Hive ဟူလို။
Leo နှင့်သာ ကျေနပ်ခဲ့ရသော ကျွန်တော့ အတွက် ခေါင်းမွေးသာမက ရှိသမျှ အမွေး အကုန် ထောင်သွားရပါတော့သည်။ ( မျက်ခုံးမွေး / ချိုင်းမွေး ) အဘယ့်ကြောင့် ထိုမျှလောက် ဈေးကြီးနေရခြင်းကို တော့ ကျွန်တော်မသိပါ။ ဆရာကြီး များကို မေးရပါအုံးမည်။
Airdrop ရနိုင်သည့် အခြား အကြောင်း အရာများ ကြည့်လျင်ဖြင့် DEC ပိုမို ဝယ်ရန်နှင့် SPT ( Splintertalk token ) ဝယ်စုရန်သာ ဖြစ်နိုင်ပါလိမ့်မည်။ SPT ပင်လျင် လက်ရှိအနေဖြင့် 0.013 Hive ဈေးပေါက်နေပြီ ဖြစ်ပါသည်။
ဤစာစုသည် Splinterland အကြောင်း ကျွန်တော်သိသမျှ ဝေမျှရခြင်းသာ ဖြစ်၍ တစုံတရာ ချွတ်ချော်မှားယွင်းမှုရှိလျင် ရေးသားသူကျွန်တော်၏ လေ့လာမှု ညံ့ဖျင်းသောကြောင့်သာ ဖြစ်ကြောင်း ဝန်ခံပါသည်။
မိတ်ဆွေတို့ အနေဖြင့်လည်း Splinterland airdrop နှင့်ပတ်သက်၍ သိထားသမျှ လိုအပ်သလို ဖြည့်စွက်ကြပါမည့် အကြောင်း တိုက်တွန်းလိုက်ရပါသည်။
Henry Aung ( Kachin )
22/08/2021 - Sunday - 19;08 Pm