Posts

နာလန်ထ အီးယောင်ဝါး ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
1 min read

မင်္ဂလာပါ။ နာလန်ပြန်ထလာပြီဆိုတော့ Hive platform ပေါ်သို့ ကုတ်ကပ်တက်လာရပြန်ပါပြီ။ လွန်ခဲ့သော သုံးပတ်တာ ကာလကတော့ ရာသီတုပ်ကွေးကြောင့်လား ကိုဗစ်ကြောင့်ပဲလား ပင်ပန်းသွားသောကြောင့်ပဲလားမသိ ၊ ဖျားလိုက်စမ်း ချောင်းဆိုးစမ်း ဆိုသည်မှာ သေတော့မလားပင် ထင်ရပါသည်။

အမှန်ဆိုရလျင် ကျွန်တော့ အတွက် အကြီးအကျယ် ဖျားနာခြင်း မဖြစ်သည်မှာ ဆယ်စုနှစ် တစုခန့်ကြာခဲ့ပြီ ဖြစ်ပါသည်။ ယခု သည်တခေါက်ကတော့ သေချင်စော်နံ တယ် ဆိုသည့် အတိုင်းပင်။ ယခုတခေါက် ဖျားနာခြင်း တွင် ထူးခြားသည်မှာ အဖျားတက်လာလျင် ဆီးသွားချင်လာခြင်း ပင် ဖြစ်ပါသည်။

တညလုံး အဖျားတက်နေလျင် တညလုံး နာရီဝက်တကြိမ် ဆီးသွားပါသည်။ တညလုံး အိပ်မရတော့။ အစားအသောက်ကလည်း ပျက် ၊ အဖျားကလည်း ကြီး ၊ သောက်ရသည့် ဆေးများကလည်း လက်တခုပ်စာ ခန့် ရှိပါသည်။ ၂ ပတ်လောက်တော့ ကောင်းကောင်းကြီး ဒုက္ခရောက်ပါတော့သည်။ တော်လောက်ပါပြီ။ ဒုက္ခရောက်သည့် အကြောင်း များ မရေးသားလိုတော့ပါ။

နေ့စဉ် မြင်ရ ကြားရ နေသည်များကိုက တခုမှ စိတ်ချမ်းသာစရာမရှိပါ။ ထို့ကြောင့် အနည်းငယ် နာလန်ပြန်ထလာပြီ ဖြစ်သောကြောင့် Hive အပေါ်သို့ ပြန်လည် ရောက်ရှိလာပါပြီ။ Hive နှင့်လည်း အတော်လေး အဆက်ပြတ်သွားခဲ့ပြီ ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့မှ စပြီး Cryptocurrency အကြောင်းများ ပြန်လည် လေ့လာပြီး တတ်သလောက် မှတ်သလောက် အီးယောင်ဝါး ပြန်လည် ဖေါ်ပြပေးပါမည့်အကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

Henry Aung ( Kachin )

22/07/2021 - Thursday - 10;52 Am